
ဖွဲ့စည်းပုံ
ပညာရေးဝန်ကြီးဌာန အုပ်ချုပ်မှုအသွင်သဏ္ဌာန် ပြောင်းလဲရေးအတွက် ပညာရေး ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်/ကောလိပ် ၁၃၆ ကျောင်း ပြင်ဆင်ဖွဲ့စည်းခြင်းအား (၁၅-၁-၂၀၁၅)ရက်နေ့တွင် ကျင်းပပြုလုပ် သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅)၏ သဘောတူညီချက်အရ ခွင့်ပြုခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)သည် ဖွဲ့စည်းပုံအရ ပညာရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ရောက်ရှိခဲ့ပါသည်။ တက္ကသိုလ်သည် ပညာရေးဝန်ကြီး ဌာန၏အစီအစဉ်ဖြင့် ဆောင်ရွက်သော မြန်မာနိုင်ငံအဆင့်မြင့်ပညာအဆင့် ပြုပြင်ပြောင်းလဲမှုများကို အခြားတက္ကသိုလ်များနည်းတူ ပူးပေါင်းဆောင်ရွက် လျက် ရှိပါသည်။

မျှော်မှန်းချက်
လူမှုယဉ်ကျေးမှုအသိုက်အဝန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အချင်း ပြည့်ဝသည့် အနုသုခုမဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေး နိုင်သည့် နိုင်ငံတကာ အသိအမှတ်ပြုတက္ကသိုလ်ဖြစ်စေရန်
ရည်ရွယ်ချက်
လူမှုအဖွဲ့အစည်း၏ လိုအပ်ချက်များကို အနုသုခုမပညာစွမ်းအားဖြင့် တစ်ဖက်တစ်လမ်းမှ ပါဝင်ဖြည့်ဆည်းနိုင်သည့် တက္ကသိုလ်တစ်ခုဖြစ်စေရန်
လုပ်ငန်းတာဝန်
- ကျောင်းသား၊ ကျောင်းသူများ၏ အနုပညာဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု၊ အသိပညာနှင့် ကောင်းမွန်သောကိုယ်ကျင့်တရားများ ဖွံ့ဖြိုးတိုးတက်စေရန်
- မြန်မာ့ယဉ်ကျေးမှုအနုပညာရပ်များကို ဖော်ထုတ်ထိန်းသိမ်း၍ တိုးတက် ပြန့်ပွားစေရန်နှင့် အရည်အသွေးပြည့်ဝသည့် အနုသုခုမဆိုင်ရာလူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ထွန်းရေးအတွက် ဆောင်ရွက်ရန်
- ပညာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံနှင့်အသုံးချသုတေသနများ မှတစ်ဆင့် အဆင့်မြင့်သုတေသနများအထိ ဆောင်ရွက်နိုင်စေရန်
- အာဆီယံလူမှုယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာအခြေပြမြေပုံနှင့် ဆောင်ရွက် မည့် လုပ်ငန်းစီမံချက်နှင့်လိုက်လျောညီထွေဖြစ်စေရေး ဆောင်ရွက်သွားရန်
ပြည်ပတက္ကသိုလ်များ၊ ဆက်စပ်အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ အနုပညာ၊ နည်းပညာနှင့် ယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေးအစီအစဉ်များကို ဆောင်ရွက် သွားရန်
ဆောင်ပုဒ်
စိတ္တံ ဒန္တံ သုခါ ဝဟံ
ယဉ်ကျေးသောစိတ်သည် ချမ်းသာခြင်းကိုဆောင်၏။