ယဉ်ကျေးမှုတက္ကသိုလ် (မန္တလေး)ကို ၂၀၀၁ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့ တွင် (ခ) အဆင့် တက္ကသိုလ်အဖြစ် တရားဝင်ဖွင့်လှစ်ခဲ့သည်။ မြန်မာပြည် အထက်ပိုင်းမှ ကျောင်းသား/ကျောင်းသူများသာမက အောက်ပိုင်းမှ ကျောင်းသား/ ကျောင်းသူများပါ တက်ရောက်နိုင်ပြီး ၂၀၀၅ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့တွင် (က)အဆင့် တက္ကသိုလ်အဖြစ် တိုးမြှင့်ခဲ့သည်။
ယဉ်ကျေးမှုတက္ကသိုလ်(မန္တလေး) တည်ဆောက်ရေးအစီအစဉ်ကို (၁၉၉၉) ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် စတင်ခဲ့သည်။ တက္ကသိုလ်သည် မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ ရွှေစာရံဘုရားလမ်းတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ (၄၁.၃၅)ဧက ရှိသည်။
