အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အာစရိယပူဇော်ပွဲအခမ်းအနားကို ၁၂.၉.၂၀၂၃ ရက်နေ့တွင် မဉ္ဇူသကဆောင် တတိယထပ် (ခန်းမ)၌ နံနက် ၀၉:၀၀ နာရီတွင်ကျင်းပပြုလုပ်ခဲ့ပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ပြင်ပပညာရှင်များ ၊ ဆရာ၊ ဆရာမများ စုစုပေါင်း ၈၅ ဦးတို့ကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တွင်တက်ရောက်လျက်ရှိသည့် ကျောင်းသားကျောင်းသူ ၁၅၀ ဦးတို့က တေးထပ်ဖြင့် ဂုဏ်ပြုပူဇော်ပြီး ဆရာကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြရာ ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက ဆုံးမဩဝါဒစကား မြွက်ကြားခဲ့ပါသည်။ ဆက်လက်၍ ကန်တော့ခံဆရာ၊ဆရာမများကိုယ်စား ဂီတပညာဌာန၊ ပါမောက္ခ/ ဌာနမှူး ဦးဇော်ဝင်းမင်းက ဩဝါဒစကားပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ဂါရဝပြု လက်ဆောင်ပစ္စည်းများပေးအပ်၍ ကျောင်းသားတစ်ဦးက ဆရာကန်တော့ပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူး၍ အကျွေးမွေးများဖြင့် တည်ခင်းဧည့်ခံကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။













Users Today : 11
This Month : 401
This Year : 401