ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ၂၅-၄-၂၀၂၆ ရက်နေ့၊ နံနက် ၁၁:၃၅ နာရီအချိန်တွင် အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်(မန္တလေး)ရှိ မဉ္ဇူသကဆောင် Theatre တွင် ဝန်ထမ်းများနှင့် တွေ့ဆုံ ဩဝါဒပြောကြားခြင်းများပြုလုပ်ခဲ့ရာ အဆိုပါတွေ့ဆုံပွဲသို့ ပါမောက္ခချုပ် ဦးစီ၍ အရာထမ်း၊ အမှုထမ်း၊ စုစုပေါင်း ၁၁၈ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီး က ဩဝါဒစကားပြောကြားရာတွင် မိမိသည် အမျိုးသားရေးစိတ်ဓာတ်ရှိသူဖြစ်ပြီး အမျိုးသား ရေးကို ဖော်ဆောင်နေသူဖြစ်ပါကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းအတွက်၊ အစုအဖွဲ့အတွက်၊ တက္ကသိုလ်အတွက်၊ နိုင်ငံတော်အတွက် တင်ပြလိုသည်များရှိပါက တင်ပြနိုင်ပါကြောင်း၊ ဝန်ထမ်းများအားလုံး စိတ်ချမ်းသာစွာဖြင့် တိုင်းပြည်တာဝန်ကို ထမ်းဆောင်နိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း၊ ဝန်ထမ်းများ စားဝတ်နေရေး သက်သာချောင်ချိစေရေးနှင့် လူနေမှုစရိတ် ကာမိစေရန် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို လုပ်ဆောင်ကြ စေလိုကြောင်း၊ ငွေစုငွေချေးသမဝါယမအသင်း မရှိသေးပါက ငွေစုငွေချေးအသင်းကို စတင်ဆောင်ရွက် ကြစေလိုကြောင်း၊ အလားတူ ဝန်ထမ်းများ၏ ကျန်းမာရေးအတွက် လူမှုဖူလုံရေးအဖွဲ့သို့ အဖွဲ့ဝင် ဝင်ရောက်ရန်ဆောင်ရွက်စေလိုကြောင်း၊ တက္ကသိုလ်ရှိ ဝန်ထမ်း များ၏ သား၊ သမီးများ ကျောင်းပို့/ ကျောင်းကြိုအတွက် ကျောင်းဖယ်ရီ စီစဉ်ဆောင်ရွက် နိုင်ပါက ပိုမိုကောင်းမွန်ပါကြောင်း၊ တာဝန်ထမ်းဆောင်ကြရာတွင် စေတနာ၊ လုပ်နည်း၊ ကြိုးစားမှုတို့ဖြင့် လုပ်ဆောင်သွားကြရန်နှင့် ပိုမိုကောင်းမွန်သော လူမှုစီးပွားဘဝဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းကြ စေလိုကြောင်း ဩဝါဒစကားများ ချီးမြှင့်ပြောကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ နေ့လယ် ၁၃:၃၀ နာရီအချိန်တွင် ပြန်လည်ထွက်ခွာ သွားပါသည်။






Users Today : 18
This Month : 372
This Year : 3681