သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)၏ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ၂-၂-၂၀၂၆ ရက်နေ့၊ နေ့လည် ၃: ၀၀ နာရီအချိန် (၃)ထပ် စာသင်ဆောင်(မဥ္ဇူသကဆောင်)ရှေ့၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ ပါဝင်တက်ရောက်ခဲ့ပြီး ဝန်ထမ်းများနှင့်ကျောင်းသား/ကျောင်းသူများ၏ မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပြိုင်ပွဲတွင် စုစုပေါင်းအဖွဲ့ (၅)ဖွဲ့ ပါဝင်၍ အသီးသီးယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိ ခဲ့ကြသည့် အဖွဲ့များအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် ဌာနမှူးတို့က ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား ထမနဲများ ဝေငှ၍ လက်ရည်တစ်ပြင်တည်း ကျွေးမွေးခဲ့ပါကြောင်း သိရှိရပါသည်။














Users Today : 3
This Month : 316
This Year : 1733