အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၊ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်၊ အနုပညာဌာနခွဲ(ပန်းချီ)မှ  ကျောင်းသား၊ ကျောင်းသူများ၏ တတိယအကြိမ်မြောက် “မျိုးစေ့များ” ပန်းချီလက်ရာမွန်ပြပွဲအခမ်းအနားကို ၂၉. ၁. ၂ဝ၂၆ ရက် (ကြာသပတေးနေ့)၊ နံနက် (၀၉:၃၀) နာရီ အချိန်တွင် အနုပညာဌာနခွဲ(ပန်းချီ)၊ ဇီဇဝါဆောင်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ . ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၄၄) ဦး တက်ရောက်ကြ ပါသည်။ အဆိုပါအခမ်းအနားတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)နှင့် ပါမောက္ခ/ ဌာနမှူး(ပန်းချီ) တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ပါမောက္ခချုပ်က အမှာစကား မြွက်ကြားခြင်း၊ အခမ်းအနားသို့ တက်ရောက်လာသူများနှင့် ပြင်ပမှ လာရောက်လေ့လာသော ပန်းတိုင်သစ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၈၄) ဦး တို့က ခဲ၊ ရေဆေး၊ Acrylic၊ ဆီဆေး၊ ရွှေဆေး၊ Digital Painting၊ မှင်ခြစ်၊ Marker Pen/ Colour Pencil တို့ဖြင့် ရေးဆွဲထားသည့်ပန်းချီကား (၁၆ဝ) ကားတို့အား ကြည့်ရှု အားပေးခဲ့ပါကြောင်း သိရှိရပါသည်။