အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)၊ ၂၀၂၆ ခုနှစ် ဇူလိုင်လတွင် ကျင်းပပြုလုပ်မည့် Mekong-Lancang Heritage Preservation: Preservation Cultural Heritage, Showcasing Tradition And Promoting Cultural Awareness Of Communities စီမံကိန်းအတွက် Theme Song ပြိုင်ပွဲနှင့် Logo ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)၊ မဉ္ဇူသကခန်းမတွင် ၂၁.၁.၂၀၂၆ ရက်နေ့၊ နံနက် (၉:၃၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၄၄) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ပထမဦးစွာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၊ ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် Theme Song ပြိုင်ပွဲယှဉ်ပြိုင်ခြင်း၊ Theme Song ပြိုင်ပွဲနှင့် Logo ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ပါကြောင်းသိရှိရပါသည်။











Users Today : 18
This Month : 245
This Year : 1064