၂၀၂၅ ခုနှစ်၊ ၂၄-၁၁-၂၀၂၅ မှ ၂၅-၁၁-၂၀၂၅ ရက်နေ့ထိ Naypyitaw State Polytechnic University(NSPU) တွင် ကျင်းပပြုလုပ်သည့် တက္ကသိုလ်ပေါင်းစုံလူငယ်ပွဲတော် နျူးကလီးယား ဆိုင်ရာ “Splitting Colors” ပန်းချီပြိုင်ပွဲသို့  အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)၊ ပန်းချီပညာဌာနမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၈)ဦး  ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် မသီတာစိုး(တ/ပခ-၂)၏ ပန်းချီးကားသည် ဒုတိယဆု နှင့် မအေးသီရိအောင်(တ/ပခ-၁၁)၏ ပန်းချီကားသည် အထူးဆုတို့ကို ရရှိခဲ့ပါသည်။ ထို့အပြင်ပြိုင်ပွဲဝင် မောင်ဟိန်းထက်နိုင်(၂မဟာ-ပခ-၂) နှင် မအိမ့်ခန့်မျိုး(တ/ပခ-၇)တို့၏ ပန်းချီးကားများကိုလည်း ရုရှားနိုင်ငံ Rosatom နည်းပညာ ကုမ္ပဏီဘက်မှ ရွေးချယ်ခံရပါကြောင်း သိရှိရပါသည်။