အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်အဆင့် “ပညာရပ်ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲ(၂/၂၀၂၅)” အခမ်းအနားကို  ၂၁-၁၁-၂၀၂၅ ရက်(သောကြာနေ့) နံနက် ၀၈:၃၀ နာရီအချိန်တွင် မဉ္ဇူသကခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြသော စာပေနှင့် အနုပညာရပ်ဆိုင်ရာ ပညာရှင်ကြီးများ၊ ပါမောက္ခ/ဌာနမှူးများ၊ တက္ကသိုလ်ပညာရေး အဖွဲ့ဝင်များနှင့် ဆရာ၊ ဆရာမများ စုစုပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့ကြပါသည်။

စာတမ်းဖတ်ပွဲအခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သဘာပတိအဖွဲ့ဝင်များနှင့် စာတမ်းရှင်များအား အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ဆက်လက်၍ စာတမ်းဖတ်ပွဲအစီအစဉ်အား ကျင်းပခဲ့ရာ စာပေပညာဌာနနှင့် အနုပညာဌာနခွဲများ (ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ်)မှ တစ်ဌာနစာတမ်း (၁)စောင်စီဖြင့် စုစုပေါင်း စာတမ်း (၆)စောင်ကို နံနက်ပိုင်း (၄)စောင်၊ နေ့လယ်ပိုင်း (၂)စောင်ခွဲ၍ စာတမ်းရှင်များက ဖတ်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။