သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ် သင်တန်းများတွင် တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေး ပထမအဆင့် ရေးဖြေစာမေးပွဲကို ၃.၂.၂၀၂၅ရက်နေ့ နံနက် ၈း၀၀ နာရီက တက္ကသိုလ်ရှိ မဉ္ဇူသကဆောင်၊ A-106 ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူရည်ချွန်ရွေးချယ်ရေး ပထမအဆင့် ရေးဖြေစာမေးပွဲတွင် မြန်မာစာဘာသာရပ်ကို နံနက် ၈း၀၀ နာရီမှ ၁၀း၀၀ နာရီအထိလည်းကောင်း၊ အင်္ဂလိပ်စာဘာသာရပ်ကို နံနက် ၁၀း၃၀ နာရီမှ နေ့လယ် ၁၂:၀၀ နာရီအထိလည်းကောင်း၊ အထွေထွေဗဟုသုတကို မွန်းလွဲ ၂း၀၀ နာရီမှ ညနေ ၄ ရီအထိ ကျင်းပပြုလုပ်ရာ တက္ကသိုလ်ရှိ အနုပညာဌာနအသီးသီးမှ  ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး ဝင်ရောက်ဖြေဆို ခဲ့ကြောင်း သိရသည်။