ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပန်းချီပညာဌာနတွင် တက်ရောက် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊  ကျောင်းသူ (၄၁)ဦးတို့က “မျိုးစေ့များ” စုပေါင်းပန်းချီပြပွဲကို ၃၀.၁.၂၀၂၅ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန် ပန်းချီပညာဌာန ဇီဇဝါဆောင်တွင် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။

“မျိုးစေ့များ” ပန်းချီလက်ရာမွန်ပြပွဲကို ပန်းချီအနုပညာများဖန်တီးရာတွင် မိမိတစ်ဦးတစ်ယောက်ထဲ ဖန်တီးရေးဆွဲနေရုံမျှမက အများပြည်သူများ နှစ်သက်ခံစားနိုင်စေရန်ဝေမျှပေးခြင်း၊ ကျောင်းသားလူငယ် အချင်းချင်း စုပေါင်းလုပ်ဆောင်နိုင်မှုစွမ်းရည်များရရှိခြင်း၊ အနုပညာအရည်အသွေးများ တိုးတက်လာစေရန် မျိုးဆက်သစ်လူငယ်များကို ကောင်းမွန်သောအစဉ်အလာများ လက်ဆင့်ကမ်းပေးခြင်း စသည့်ရည်ရွယ်ချက် များဖြင့် ကျင်းပြပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။