၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားနှင့် တက္ကသိုလ် မိတ်ဆက်အခမ်းအနားကို ၇.၁.၂၀၂၅ ရက် (အင်္ဂါနေ့)၊ နံနက် (၉း၀၀) နာရီ အချိန်မှစတင်၍ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)မဉ္ဇူသကခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအားလုံး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် “ထိန်းသိမ်းစို့လေယဉ်ကျေးမှုအမွေ” တေးသီချင်းဖြင့် အနုပညာ ဌာနခွဲ(ဂီတ) နှင့် (သဘင်)တို့မှ ကျောင်းသား၊ ကျောင်းသူများကဖျော်ဖြေတင်ဆက်ခြင်း၊ပါမောက္ခချုပ်က မောင်မယ်သစ်လွင် များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)က မောင်မယ်သစ်လွင် များအား ဒုတိယပါမောက္ခချုပ်(စီမံ)၊ ပါမောက္ခ/ဌာနမှူးများနှင့် မိတ်ဆက်ပေးခြင်း၊ ဌာနမှူး(သင်တန်းရေးရာ) က မောင်မယ်သစ်လွင်များအား တက္ကသိုလ်စည်းကမ်းထိန်းသိမ်းရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက္ကသိုလ်မောင်မယ်များက ကိုယ်ဟန်ပြခြင်းနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ခဲ့ကြပါသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအစီအစဉ်များကို ကျင်းပပြုလုပ်ခဲ့ရာ Style Boy နှင့် Smile Girl ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဒုတိယပါမောက္ခချုပ်(သင်ကြား)ကလည်းကောင်း၊ 1stRunner Up ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဒုတိယပါမောက္ခချုပ်(စီမံ)ကလည်းကောင်း၊ King နှင့် Queen ဆုရရှိသူများကို ပါမောက္ခချုပ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။ ဆက်လက်၍ အထူးပြုဘာသာ ရပ်များအလိုက် ဘက်စုံထူးချွန်ဆုရရှိသူများနှင့် ပြည်တွင်း၊ ပြည်ပပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို ပါမောက္ခချုပ်က ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ နံနက်ပိုင်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားအစီအစဉ်များ အောင်မြင်စွာကျင်းပပြီး စီးခဲ့ပါ သည်။
ဒုတိယပိုင်း အစီအစဉ်အနေဖြင့် နေ့လယ် ၁:၃၀ နာရီမှစတင်၍ တက္ကသိုလ်မိတ်ဆက် အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်သို့ တက်ရောက်လာသော မောင်မယ်သစ်လွင်များအားတက္ကသိုလ် တွင်သင်ကြားပေးလျက်ရှိသည့် ဘာသာရပ်များအား သိရှိနားလည်စေရန်၊ ဘာသာရပ်ကူးပြောင်းလိုပါက ကူးပြောင်းနိုင်ရန်နှင့် တက္ကသိုလ်တွင် ပျော်ရွှင်စွာတက်ရောက် သင်ကြားနိုင်ရန်အတွက် စာပေပညာဌာန၊ ဂီတပညာဌာန၊ သဘင်ပညာဌာန၊ ပန်းချီပညာဌာန၊ ပန်းပုပညာဌာန၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနများသို့ လှည့်လည်ကြည့်ရှုလေ့လာစေခဲ့ရာ သက်ဆိုင်ရာဌာနများမှ ပါမောက္ခ/ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများက ဘာသာရပ်များအလိုက် ရှင်းလင်းပြောကြားခဲ့ကြပြီး ညနေ ၄:၀၀ နာရီတွင် တက္ကသိုလ်မိတ်ဆက်အခမ်းအနား ကိုအောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်းသတင်းရရှိပါသည်။


















Users Today : 12
This Month : 402
This Year : 402