အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးနှင့် ကဗျာရေးစပ်ပြိုင်ပွဲကို မဉ္ဇူသကခန်းမဆောင်၌ ၂၃.၁၂.၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ အင်္ဂလိပ် စကားပြောစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၄.၁၂.၂၀၂၄ ရက်နေ့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

 အဆိုပါ ပြိုင်ပွဲများတွင် စာစီစာကုံးပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦး၊ ကဗျာရေးစပ်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၆ ဦး၊ အင်္ဂလိပ် စကားပြောစွမ်းရည်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၂၉ ဦး (အဖွဲ့ ၆ ဖွဲ့) စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၃ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။

အစီအစဉ်အရ ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားခြင်း၊ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကျင်းပခြင်း၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ခြင်းနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း အစီအစဉ်များ ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို နံနက် ၁၂:ဝဝ နာရီတွင် အောင်မြင်စွာကျင်းပပြုလုပ်ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။