အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်အဆင့် “ပညာရပ်ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲ(၃/၂ဝ၂၄)” အခမ်းအနားကို ၈.၁၁.၂၀၂၄ ရက်(သောကြာနေ့) နံနက် ၀၉:၀၀ နာရီတွင် မဉ္ဇူသကခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ကြသော ပညာရှင်ကြီးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ တက္ကသိုလ်ပညာရေး အဖွဲ့ဝင်များနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ပါသည်။
စာတမ်းဖတ်ပွဲအခမ်းအနားတွင် ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သဘာပတိအဖွဲ့ ဝင်များအား အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ဆက်လက်၍ စာတမ်းဖတ်ပွဲအစီအစဉ်အားကျင်းပခဲ့ရာ စာပေပညာဌာနနှင့် အနုပညာဌာနခွဲများ(ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်)မှ တစ်ဌာနလျင် စာတမ်း(၁)စောင်စီဖြင့် စုစုပေါင်းစာတမ်း(၆)စောင်ကို နံနက်ပိုင်း (၃)စောင်၊ နေ့လယ်ပိုင်း (၃)စောင်ခွဲ၍ စာတမ်းရှင်များက ဖတ်ကြားခဲ့ကြောင်းသတင်းရရှိပါသည်။










Users Today : 11
This Month : 401
This Year : 401