အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၏ အကြိမ်(၂၀)မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို ၂၅-၇-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် တက္ကသိုလ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ သဲအင်းဂူဓမ္မရက္ခိတ ရိပ်သာကျောင်း ဆရာတော်အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ တက်ရောက်ချီးမြှင့်တော်မူကြပြီး တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများမှ ဝါဆိုသင်္ကန်းများ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများအား ဆက်ကပ် လှူဒါန်းခြင်း၊ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် တက်ရောက်လာသူများကို အကျွေး အမွေးများဖြင့် ဧည့်ခံခဲ့ပြီး နံနက် ၁၁:၄၅ အချိန်တွင် အခမ်းအနားပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။