အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ဝင်းအတွင်း စိမ်းလန်းစိုပြေသာယာလှပစေရန်၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန်နှင့် ကျန်းမာရေး အထောက် အကူများ ရရှိစေရန် ရည်ရွယ်၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ၁၂-၇-၂၀၂၄ ရက်နေ့၊ နံနက် ၀၈း၀၀ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ပါမောက္ခချူပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်တက်ရောက်ခဲ့ကြပြီး အစီအစဉ်အရ ပါမောက္ခချုပ်က အဖွင့်အမှားစကားပြောကြားခဲ့ကာ သတ်မှတ်အချိန်တွင် တက်ရောက်လာသူများမှ မန်ကျည်းပျိုးပင် (၅၃၀)ပင်တို့အား သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။









Users Today : 11
This Month : 401
This Year : 401