အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၊ ၂ဝ၂၃ – ၂ဝ၂၄ ပညာသင်နှစ်၊ တက္ကသိုလ်အဆင့် “ပညာရပ်ဆိုင်ရာသုတေသန စာတမ်းဖတ်ပွဲ(၂/၂ဝ၂၄)” အခမ်းအနားကို ၂၄.၅.၂၀၂၄ ရက် (သောကြာနေ့) နံနက် ၀၉ : ၀၀ နာရီတွင် မဉ္ဇူသကခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သဘာပတိအဖြစ် ဆောင်ရွက်ကြသည့် ပြင်ပပညာရှင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ တက္ကသိုလ် ပညာရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ပါသည်။

စာတမ်းဖတ်ပွဲအခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်က အဖွင့် အမှာစကားပြောကြား၍ စာတမ်းဖတ်ပွဲအစီအစဉ်အား ကျင်းပခဲ့ရာ စာပေ ပညာဌာနနှင့် အနုပညာဌာနခွဲ (ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်) ဌာနတို့မှ တစ်ဌာနလျှင် စာတမ်း (၁) စောင်စီဖြင့် စုစုပေါင်း စာတမ်း (၆)စောင်ကို နံနက်ပိုင်း (၃)စောင်၊ နေ့လယ်ပိုင်း (၃)စောင်ခွဲ၍ ဖတ်ကြားတင်သွင်းခဲ့ရာ

စာတမ်းရှင်များအား တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေးခြင်း၊ ဖြည့်စွက်အကြံပြုခြင်း၊ သဘာပတိများ က စာတမ်းများအပေါ် ပြန်လည်သုံးသပ်ခြင်းတို့ပြုလုပ်ခဲ့ကြပါသည်။ ၎င်းနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ ကြပြီး ၁၆ : ၃၀ နာရီတွင် တက္ကသိုလ်အဆင့် “ပညာရပ်ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ (၂/၂ဝ၂၄)” အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။