မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အထင်ကရ တန်ခိုးကြီးဘုရားများ၏ ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် Website များကို Webportalအနေဖြင့် www.pagodadirectory.gov.mm တွင် တစ်စု တစ်စည်းတည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ အဆိုပါ Webportal www.pagodadirectory.gov.mm မှတစ်ဆင့်  တန်ခိုးကြီးဘုရားစေတီများဖြစ်သည့် ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ ရွှေစည်းခုံစေတီတော်၊ အာနန္ဒာဘုရား၊ ကျိုက်ထီးရိုးစေတီတော်၊ ရွှေမော်ဓောစေတီတော်၊ သျှစ်သောင်းပုထိုးတော်ကြီး၊ ရွှေဆံတော်စေတီတော်၊ ဥပ္ပါတသန္တိစေတီတော်၊ မြသလွန်စေတီတော်တို့၏ ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်အချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်သည်။ ဆက်လက်၍လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ထင်ရှားသော ဘုရားစေတီပုထိုးများ၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သမိုင်းဝင်ထင်ရှားသော ဘုရားစေတီလမ်းညွှန်များကိုပါ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။