အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) သည် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာ့ရိုးရာ ပန်းချီ၊ ပန်းပု ပညာရပ်များအား မျိုးဆက်သစ် လူငယ်များသို့ လက်ဆင့် ကမ်းမျှဝေနိုင်ရန်အတွက် နွေရာသီ အခြေခံ ပန်းချီ၊ ပန်းပု သင်တန်း ဖွင့်ပွဲအခမ်းအနားကို ၆.၅.၂၀၂၄ ရက်နေ့ (တနင်္လာနေ့) နံနက် ၀၈:၀၀ နာရီအချိန်တွင် အမှတ်(၁၆)အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာ ခန်းမ၊ မန္တလေးမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် များနှင့် ပါမောက္ခ/ဌာနမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းဒေသကြီး ပညာရေးမှူး၊ ခရိုင်နှင့်မြို့နယ်များမှ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် အခြေခံပညာ ကျောင်းများမှ ပန်းချီပညာ သင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူ ၁၀၉ ဦး၊ ပန်းပုပညာ သင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးတို့ အပါအဝင် စုစုပေါင်းအင်အား ၂၀၀ ခန့် တက်ရောက်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြော ကြားခြင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်က နွေရာသီ အခြေခံ ပန်းချီ၊ ပန်းပုသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ဂီတပညာ ဌာနနှင့် သဘင်ပညာဌာနတို့က ဖျော်ဖြေတင်ဆက်ခြင်းနှင့် ပန်းချီ၊ ပန်းပုသင်တန်း သင်ကြားသင်ယူမှုများအား လှည့်လည်ကြည့်ရှုခြင်းများ ပြုလုပ်၍ ဖွင့်ပွဲအခမ်းအနားကို နံနက် ၀၉ : ၀၀ အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီခဲ့ပါသည်။

နွေရာသီ အခြေခံ ပန်းချီ၊ ပန်းပုသင်တန်းကို ၆.၅.၂၀၂၄ ရက်နေ့မှ ၁၇.၅.၂၀၂၄ ရက်နေ့အထိ နေ့စဉ် နံနက် ၀၉ : ၀၀ နာရီမှ မွန်းတည့် ၁၂ : ၀၀ နာရီအထိ သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။