အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ်ဝက်သင်တန်းကာလ၏ တက္ကသိုလ်အဆင့် “ပညာရပ်ဆိုင်ရာ သုတေသန စာတမ်း ဖတ်ပွဲ (၁/၂၀၂၄)” အခမ်းအနားကို ၁၆-၃-၂၀၂၄ (စနေနေ့) နံနက် ၀၉း၀၀ နာရီတွင် မဉ္ဖူသကခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၊ သဘာပတိအဖြစ် ဆောင်ရွက်ကြသည့် ပြင်ပပညာရှင်များ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသောပညာရေးအဖွဲ့ဝင်များ၊ အနုပညာဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေး) ဌာနခွဲတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပြီး စာပေပညာဌာနနှင့် အနုပညာဌာနခွဲ(ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်) ဌာနတို့မှ စုစုပေါင်း စာတမ်း (၆) စောင်ကို ဖတ်ကြားခဲ့ကြောင်းသတင်းရရှိပါသည်။















Users Today : 18
This Month : 372
This Year : 3681